Sunday, February 2, 2014

ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဒေသခံ အဖွဲ့အစည်းများနှင့် တွေ့ဆုံ



ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် ဖေဖော်ဝါရီလ (၁) ရက်နေ့ နေ့လယ်ပိုင်းတွင် ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်းနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဌေး အပါအ၀င် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တက်ရောက်လာသော တာဝန်ရှိသူများ၊ ပုဂံ-ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့၊ ဂေါပကအဖွဲ့များ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။

No comments:

Post a Comment