Sunday, February 2, 2014

၂၀၁၄ ခုနှစ်၊ ကမ္ဘာ့ရေတိမ်ဒေသများနေ့ (World Wetlands Day) အထိမ်းအမှတ်အခမ်းအနား ကျင်းပ



ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ၀န်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် နော်ဝေ ပတ်ဝန်းကျင်ရေးရာ အေဂျင်စီ၊ အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်နှင့် အပင်များအဖွဲ့ (FFI)၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA)၊ ရွှေပြည်အေး ကုမ္ပဏီတို့ ပူးပေါင်းကျင်းပသော ၂၀၁၄ ခုနှစ်၊ ကမ္ဘာ့ရေတိမ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂-၂-၂၀၁၄ ရက်နေ့ နံနက် (၉) နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ ပျဉ်ပုံကြီးကျေးရွာအနီး မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ကျင်းပရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အမှာစကားပြောကြားပါသည်။

No comments:

Post a Comment