ပြည်ထောင်စု
လွှတ်တော် န၀မ ပုံမှန် အစည်းအဝေး န၀မနေ့ကို (၃-၂-၂၀၁၄) ရက်နေ့ မွန်းလွဲ (၂) နာရီတွင်
ကျင်းပရာ ပြည်ထောင်စု လွှတ်တော် နယက က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်
အထည်ဖော်မှု ကော်မတီ ဖွဲ့စည်း တာဝန် ပေးအပ်ခြင်းနှင့် စပ်လျဉ်းပြီး ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ
(၃၁) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် ပြည်ထောင်စု
သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီ၏
လေ့လာ တွေ့ရှိချက်နှင့် သုံးသပ်ချက် အစီရင်ခံစာပါ အကြောင်းအရာများကို အကောင်အထည်ဖော်နိုင်ရေး
အတွက် ပြည်ထောင်စု လွှတ်တော်က သီးခြား ကော်မတီ တစ်ရပ် ထပ်မံ ဖွဲ့စည်းပြီး ဆက်လက် ဆောင်ရွက်မည်
ဖြစ်ကြောင်း သဘောတူ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး
အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းတာဝန် ပေးအပ်နိုင်ရေး အတွက် လွှတ်တော်၏ သဘောတူညီချက်
ရယူ ဆောင်ရွက်ရန် ရှိပါကြောင်းဖြင့် ပြောကြားပါသည်။
No comments:
Post a Comment