Monday, February 3, 2014

ပထမအကြိမ် ပြည်သူ့ လွှတ်တော် န၀မ ပုံမှန် အစည်းအဝေး (ဒသမနေ့) ဆက်လက် ကျင်းပ



ပြည်သူ့ လွှတ်တော် န၀မ ပုံမှန် အစည်း အဝေး ဒသမနေ့ကို (၃-၂-၂၀၁၄) ရက်နေ့ ကျင်းပရာ ၀မ်းတွင်းမဲ ဆန္ဒနယ်မှ ဦးသန်းမြင့် (ကိုယ်စား) သာစည် မဲဆန္ဒနယ်မှ ဦးသန်းစိုး၏ ဖမ်းဆီးရမိသော တရား မ၀င်ကုန် ပစ္စည်းများနှင့် ပတ်သက်ပြီး မည်သည့် အရေးယူ ဆောင်ရွက်ခြင်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် ပြည်ထဲရေး ၀န်ကြီးဌာန (၂) ခုပေါင်းပြီး လုပ်ဆောင်မှုမှာ ထိရောက်မှု ရှိ / မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းက ကုန်သွယ်မှု ပြုသည့် ပင်လယ် ရေကြောင်း၊ လေကြောင်း၊ နယ်စပ် ကုန်သွယ်မှု စခန်းများနှင့် နေရာ ဒေသ အသီးသီးတွင် တရားမ၀င် ကုန်သွယ်မှု လုပ်ငန်းများကို စစ်ဆေး ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန် တရားမ၀င် ကုန်သွယ်မှု လုပ်ငန်းများကို တားဆီး ထိန်းချုပ် နိုင်ရေး ဗဟို ကော်မတီက စားသုံးသူ / သုံးစွဲသူကို ထိရောက်စေသော ကိစ္စရပ်များကို ကာကွယ်ရန် ပြောကြားခဲ့ပါသည်။ 

No comments:

Post a Comment