Sunday, February 2, 2014

ကွမ်းလုံမြို့တွင် အထူးကု ဆရာဝန်ကြီးများအဖွဲ့ ကွင်းဆင်းဆေးကုသ



ဝေးလံခက်ခဲသော နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများကို ကျန်းမာရေး စောင့်ရှောက်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး၊ ဒေါက်တာမျိုးထွန်း၏ စီစဉ်မှုဖြင့် အထူးကု ဆရာဝန်ကြီးများအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့တွင် ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် မြို့မ စုဝေးကွင်း၌ နံနက် (၈)နာရီမှ မွန်းလွဲ (၂)နာရီအထိ မျက်စိရောဂါ ဝေဒနာရှင် (၃၅၄)ဦး၊ သွားရောဂါဝေဒနာရှင် (၁၆၉)ဦး၊ မီးယပ်ရောဂါဝေဒနာရှင် (၁၅)ဦး၊ အထွေထွေရောဂါဝေဒနာရှင် (၁၂၃)ဦး၊ စုစုပေါင်း လူနာ (၆၆၁)ဦး တို့ကို အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့သည်။

No comments:

Post a Comment