မတ်လ (၃၀)ရက်နေ့တွင်
မြန်မာနိုင်ငံ တစ်ဝန်း၌ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း
ကောက်ယူခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ပြီး ဧပြီ (၁၀)ရက်အထိ (၁၂)ရက်ကြာ ဆောင်ရွက်ပေးသွားမည်
ဖြစ်သည်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ် မတ်လ (၂၉)ရက် ညသန်းခေါင်ယံကို သတ်မှတ်ထားပြီး
ထိုအချိန်ရှိ နိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာကို မှတ်တမ်းတင်မည် ဖြစ်သည်။ မတ်လ
(၃၀)ရက်နေ့ နံနက် (၁၀)နာရီတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း
မိသားစု၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့ အင်အား ဦးစီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့် ဦးဆောင်၍ နေပြည်တော် ကောင်စီနယ်မြေ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးချိုထွန်း၊
ဇမ္ဗူသီရိမြို့နယ် ဦးစီးမှူး ဦးမုံဇာခုပ်၊ စာရင်းကောက် ဒေါ်ဟေမာန်မြတ်တို့ ပါဝင်သည့်
သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့သည် နိုင်ငံတော် သမ္မတ အိမ်တော်၌ လာရောက်၍ သန်းခေါင်စာရင်း
ကောက်ယူခဲ့ကြသည်။
No comments:
Post a Comment