နိုင်ငံတစ်ဝန်းတွင်
ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို
(၃၀-၃-၂၀၁၄) ရက်နေ့တွင် စတင်ကောက်ယူလျက် ရှိရာ နံနက်(၁၁း၀၀)နာရီတွင် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်
ဇနီး ဒေါ်ခင်လေးသက် မိသားစု၏ သန်းခေါင်စာရင်း ဆိုင်ရာ အချက်အလက်များကို နေအိမ်၌ သွားရောက်
ကောက်ယူခဲ့ပါသည်။ ထို့နောက် မွန်းတည့် (၁၂း၀၀) နာရီတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်
ဇနီး ဒေါ်ခင်ပြုံး မိသားစု၏ သန်းခေါင်စာရင်း ဆိုင်ရာ အချက်အလက်များကို သွားရောက် ကောက်ယူခဲ့ပါသည်။
No comments:
Post a Comment