Sunday, March 30, 2014

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိ



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ (၃၀-၃-၂၀၁၄)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီးနောက် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ညနေပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့၊ ကျည်းပင်ကြီး ရပ်ကွက်၊ ရွေသာလမ်းနှင့် ဘာဆာရာကျေးရွာရှိ ပြည်သူများအား သန်းခေါင်စာရင်း ကောက်ယူနေမှု အခြေအနေ များကို သွားရောက်ကြည့်ရှုပြီး ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ပါသည်။


No comments:

Post a Comment