လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ဧပြီလ (၂၆) ရက်နေ့က မန္တလေးတိုင်း
ဒေသကြီး၊ ၀မ်းတွင်းမြို့နယ်၊ ရွှေတောင်သုတေသနမျိုးပွားခြံ ရှိ တဆက်တစပ်တည်း ပုလဲသွယ်စပ်မျိုး
F1 မျိုးစေ့ထုတ် ဧက (၅၀၀) စိုက်ကွင်းကြီးများ၊ တဆက်တစပ်တည်း ငွေချည် (၆)နှင့် ရွှေတောင်
(၈) စပ်မျိုး ၀ါသီးနှံ မျိုးစေ့ထုတ် စိုက်ကွင်းကြီးများ၊ ရေဆင်း (၁) နေကြာသီးနှံမျိုးစေ့ထုတ်
တဆက်တစပ်တည်း စိုက်ကွင်းများအား လည်းကောင်း၊ ပထမအသုတ် ရောက်ရှိလာသော ခေတ်မှီ မျိုးစေ့
သန့်စင်စက်နှင့် ခေတ်မီ ထုတ်ပိုးစက်များ၏ စမ်းသပ် လည်ပတ်နေမှုများကိုလည်းကောင်း ကွင်းဆင်း
စစ်ဆေး ကြည့်ရှုပါသည်။
No comments:
Post a Comment