Saturday, April 26, 2014

ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီး (ကုတင် - ၁၅၀၀) တိုးချဲ့ ပြုပြင် မွမ်းမံခြင်း၊ ဒုဝန်ကြီးများ အမှတ်(၂) ဘုရင့်နောင် တံတား အမြန် ပြီးစီးရေးနှင့် ရန်ကုန်မြို့တော် အတွင်း ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရေး ညှိနှိုင်း အစည်းအဝေး၊ ပြုပြင်တည်ဆောက်မှုများ ကြည့်ရှုစစ်ဆေး



ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီး (ကုတင် - ၁၅၀၀) တိုးချဲ့ ပြုပြင် မွမ်းမံခြင်း၊ အမှတ်(၂) ဘုရင့်နောင် တံတား အမြန် ပြီးစီးရေးနှင့် ရန်ကုန်မြို့တော် အတွင်း ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရေး ညှိနှိုင်း အစည်းအဝေးကို ဧပြီလ (၂၆) ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ (၃)တွင် ကျင်းပပါသည်။ သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီး (ကုတင် - ၁၅၀၀) သည် တစ်နိုင်ငံလုံးမှ ပြည်သူများ အားကိုးအားထားမှု အရှိဆုံး ဆေးရုံကြီးဖြစ်ပြီး ယခုအခါ နှစ်ပေါင်း (၁၀၀) ကျော်လာသောကြောင့် ဆေးရုံကြီးကို ပြုပြင် မွမ်းမံ၍လည်းကောင်း၊ အဆောက်အဦများ တိုးချဲ့ ဆောက်လုပ်၍ လည်းကောင်း စတင် ဆောင်ရွက်မည် ဖြစ်၍ ကျန်းမာရေး ၀န်ကြီး အနေဖြင့် ဆောင်ရွက်မည့် အစီအမံများ တင်ပြပေးရန်ဖြစ်ကြောင်း၊ ဒုတိယ အချက် အနေဖြင့် အမှတ် (၂) ဘုရင့်နောင် တံတားကြီးကို စံချိန်စံညွှန်းနှင့် အညီ အမြန် ပြီးစီးရေးနှင့် တံတားသစ်ကြီးပေါ်မှ မော်တော်ယာဉ် သွားလာမှု ချောမွေ့စေရေး အကြံပြု ဆွေးနွေး ပေးစေလိုကြောင်း ပြောကြားပါသည်။


No comments:

Post a Comment