အာဖဂန် နစ္စတန်နိုင်ငံ ကာဘူးလ်မြို့လယ်မှာ တာလီဘန်
အသေခံဗုံးခွဲသမားဟာ အာဖဂန် ပြည်ထဲရေးဝန်ကြီးရုံး အပြင်ဘက်မှာ (၂-၄-၁၄)
ရက်နေ့က ဖောက်ခွဲမှုပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၆) ဦး ထက်မနည်း
သေဆုံးခဲ့ကြောင်း သိရပါသည်။ ဒီဖောက်ခွဲမှုဟာ ဧပြီလ (၅) ရက်နေ့မှာ ကျင်းပမယ့်
အာဖဂန် သမ္မတ ရွေးကောက်ပွဲကို ဦးတည်တိုက်ခိုက်တာ ဖြစ်ကြောင်း သိရပါသည်။
တာလီဘန် လက်နက်ကိုင်များဟာ အာဖဂန်တောင်ပိုင်းမှာပဲ တိုက်ခိုက်မှုများ
ပြုလုပ်ခဲ့ရာ ဒေသခံ (၉) ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။
No comments:
Post a Comment