Wednesday, April 2, 2014

ရုရှားနိုင်ငံက နေတိုးတပ်ဖွဲ့ဝင်များကို တန်ပြန်စွတ်စွဲခဲ့ကြောင်း

ရုရှားနိုင်ငံဟာ စစ်အေးတိုက်ပွဲဆိုသော အသုံးအနှုန်းနှင့် မိမိအား ပြောကြားလိုက်သော နေတိုး တပ်ဖွဲ့ဝင်များကို (၂-၄-၁၄) ရက်နေ့က တန်ပြန်စွတ်စွဲခဲ့ကြောင်း သိရပါသည်။ နေတိုး အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများဟာ ယခုလ (၁) ရက်နေ့က ဘရပ်ဆဲလ် တွင် တွေ့ဆုံခဲ့ပြီး ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။ ဒါ့အပြင် ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ပြုမူခြင်းဟာ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးအမြတ် မရှိနိုင်ကြောင်း ပြောကြားလိုက်ပါသည်။

No comments:

Post a Comment