Monday, April 28, 2014

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ် နှစ်(၆၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေး



ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ် နှစ်(၆၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်၍ ဧပြီလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗဟ ဧည့်ခန်းမ၌ ကျင်းပရာ အစည်အးဝေးသို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌ အပါအ၀င် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက်၍ အထိမ်းအမှတ် အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများ ကျင်းပရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment