မြန်မာနိုင်ငံတွင်
အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၉) ကြိမ်မြောက် အရှေ့တောင် အာရှလူငယ် ပြေးခုန်ပစ် ပြိုင်ပွဲ
ဒုတိယနေ့ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ဧပြီလ (၂၈) ရက်နေ့ နံနက် ၆ နာရီခွဲမှ
စတင်ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဥက္ကဌ၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးတင့်ဆန်း တက်ရောက်ကြည့်ရှု အားပေးကာ ဆုများ ချီးမြှင့်ပေးပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည်
နံနက်ပိုင်းပွဲစဉ်များ ဖြစ်သော အမျိုးသား၊ အမျိုးသမီး မီတာ ၃၀ဝ၀ လမ်းလျှောက်ပြိုင်ပွဲ၏
တာလွှတ်နေမှုနှင့် ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှု အားပေးပါသည်။
No comments:
Post a Comment