မြစ်ကြီးနားမြို့
ဧရာရပ်ကွက်ရှိ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှ ဧပြီလ ပထမပတ်အတွင်း
Digital ရုပ်သံလိုင်းများမှ မြန်မာ့ရုပ်မြင်သံကြား လိုင်းအပြင် လွှတ်တော် ရုပ်သံလိုင်း၊
တောင်သူလယ်သမား ရုပ်သံလိုင်းနှင့် တိုင်းရင်းသားရုပ်သံလိုင်း တို့ကို စမ်းသပ်၍ တိုးချဲ့ထုတ်လွှင့်
သွားမည်ဖြစ်ပါသည်။ ထိုသို့ Digital ရုပ်သံလိုင်းများ တိုးချဲ့ ထုတ်လွှင့်သွားနိုင်ရန်
ဧပြီလ ၂ ရက်နေ့မှ စတင်ကာ မြန်မာ့ရုပ်မြင်သံကြား (ရုံးချုပ်)မှ ကျွမ်းကျင်သူ ပညာရှင်များက
1KW DVB-T2 လွှင့်စက် Antenna များကို စတင် တပ်ဆင်ခြင်း လုပ်ငန်းကို ဆောင်ရွက်နေပြီး
အဆိုပါ ရုပ်သံလိုင်းများ ဖမ်းယူကြည့်ရှုနိုင်ရန် အတွက် DVB-T2 Set Top Box Receiver
လိုအပ်ပြီး ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ရုပ်မြင်သံကြား
ထပ်ဆင့်လွှင့် စက်ရုံ တာဝန်ခံ ဦးအောင်ကျော်ဇင်ထံမှ သတင်းရရှိပါသည်။
No comments:
Post a Comment