ရတနာ့ မေတ္တာအဖွဲ့နှင့်
ယူနီဆက် အဖွဲ့တို့ ကြီးမှူး ကျင်းပသော "ယုံကြည်ဆောင်ရွက် ကလေးများအတွက်"|
နိုင်ငံတော်အဆင့် စုံညီဆွေးနွေးပွဲကို ဧပြီလ (၂)ရက်နေ့ နံနက် (၉)နာရီတွင် ရန်ကုန်မြို့ရှိ
Chatrium Hotel Royal Lake Grand Ballroom ၌ ကျင်းပရာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့
ဥက္ကဌ ဗန်းမော်ဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသနှင့်
ကမ္ဘာ့ဗုဒ္ဓသာသနာပြု သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ တို့မှ ဆွေးနွေးပွဲ အဖွင့် သြ၀ါဒကထာ
အသီးသီး မြွတ်ကြားကြသည်။ ထို့နောက် သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်ဌေးက
ရတနာ့မေတ္တာ အဖွဲ့အနေနဲ့" ယုံကြည်ဆောင်ရွက် ကလေးများအတွက်" ဆောင်ပုဒ်ကို လက်ကိုင်ပြုပြီး
ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံကလေး
သူငယ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သည်ကို
တွေ့ရှိရသည့်အတွက် ဝမ်းမြောက်ပါ ကြောင်းဖြင့် ဂုဏ်ပြုပြောကြားသည်။ ယင်းနောက် အဖွဲ့အစည်း
အသီးသီးမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။ ဆွေးနွေးပွဲကို ဧပြီ
၃ ရက်တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment