ဟာရီကိန်းရာသီ ကျရောက်ရန် နှစ်ရက်အလိုတွင်
ဝါရှင်တန်ရှိ (ဖီမာ) ဌာနချုပ်တွင် ဟာရီကိန်းဆိုင်ရာ ပြင်ဆင်မှုများအပေါ် ကြိုတင်သတိပေးချက်
တစ်ခုကို အမေ၇ိကန်သမ္မတ ဘားရတ်အိုဘားမားက ယခုလ(၂၉)ရက်နေ့က လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။
လွန်ခဲ့သည့် သီတင်းပတ်က အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုရေးရာအဖွဲ့က (၂ဝ၁၄)အတ္တလန်းတစ်
ဟာရီကိန်းရာသီမှာ အပူပိုင်းမုန်တိုင်း (၈)ကြိမ်မှ(၁၃)ကြိမ် ဟာရီကိန်း(၃)ကြိမ်မှ (၆)ကြိမ်
ထိကျရောက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ဟာရီကိန်းရာသီသည် ဇွန်လတစ်ရက်မှ နိုဝင်ဘာလ(၃ဝ)အထိ
(၆)လခန့် ကြာမြင့်တတ်ပါသည်။ အမေရိကန်၏ ပြင်းထန်သော ရာသီဥတုများအား စူးစမ်းလေ့လာရေးအဖွဲ့
ဦးဆောင်သည့် ကော်လိုရာဒို ပြည်နယ်တက္ကသိုလ်မှ ခန့်မှန်းသူများကလည်း ယခုနှစ်ရာသီတွင်
အပူပိုင်းမုန်တိုင်း ကိုးကြိမ်၊ ပြင်းထန်သည့် ဟာရီကိန်းမုန်တိုင်း သုံးကြိမ်နှင့် အဆင့်သုံးအဆင့်ရှိ
ဟာရီကိန်းမုန်တိုင်းတို့ ဖြစ်ပေါ်နိုင်ပြီး လေတိုက်နှုန်းသည် တစ်နာရီကို (၁၁၁)မိုင်နှုန်းအထက်
တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားကြသည်။
No comments:
Post a Comment