Saturday, May 31, 2014

အင်ဒိုနီးရှားရှိ ဆန်ဂိုင်းမီးတောင် ပေါက်ကွဲမှုဖြစ်ပွား


အင်ဒိုနီးရှားနိုင်ငံရှိ (ဆန်ဂိုင်း)မီးတောင် ပေါ်က်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုသတင်း မရရှိပေမဲ့ မီးတောင်ပြာများကြောင့် ဒါဝန်မြို့မှ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။ မီးတောင်တည်ရှိရာ ဒေသမှ ဒေသခံများကို လုံခြုံစိတ်ချရတဲ့ အခြေအနေအဖြစ် မကြေညာမီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အကြံပြုထားသည်။ မီးတောင်မှ ပြာများသည် မီတာသုံးထောင် အထက်သို့ ပျံထွက်နေပြီး အရှေ့ဘက်သို့ ဦးတည်ရွေလျားနေကြောင်း သိရသည်။ အင်ဒိုနီးရှားသည် ပစိဖိတ်မီးတောင်ရပ်ဝန်းတွင် ပါဝင်ပြီး မီးတောင်ရှင်ပေါင်း (၁၃ဝ)နီးပါးရှိကာ အခြားနိုင်ငံများထက် မီးတောင်များ ပိုမိုတည်ရှိသည့် နိုင်ငံဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment