ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင်
ကျင်းပနေသည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက်ရန်နှင့်
လိုအပ်ပါက တပ်ဖွဲ့ဝင်များကိုပါ ခေါ်ယူရန် လုံခြုံရေးဝန်ထမ်းများကို တာဝန်ပေးထားကြောင်း
သိရပါသည်။ ဇွန်လ(၁၂)ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပွဲ မစတင်မီကပင် တာဝန်ရှိသူများဟာ
ရီယိုဒီဂျနေရိုးရှိ ဘက်စုံပေါင်းစည်းရေး စစ်ဌာနချုပ်နှင့် ဒေသဆိုင်ရာ ထိန်းချုပ်ရေးစင်တာကို
ဖွင့်လှစ်ခဲ့ပြီး လုံခြုံရေး ဆောင်ရွက်ချက်များကို ကြီးကြပ်ကွပ်ကဲခဲ့သည်။ တစ်လကြာ ကျင်းပမည့်
ပြိုင်ပွဲအတွက် နိုင်ငံ၏သမိုင်းတွင် အကြီးမားဆုံး လုံခြုံရေး ဆောင်ရွက်ချက်အဖြစ် လုံခြုံရေးဝန်ထမ်း
နှစ်သောင်းကို တာဝန်ချထားပါတယ်။ ရီယိုမြို့သည် လွန်ခဲ့သည့်နှစ်က ဆန္ဒပြပွဲများ အဓိကဖြစ်ပွားရာ
နေရာဖြစ်ခဲ့ပြီး ကွန်ဖက်ဒရေးရှင်းကပ် ကျင်းပချိန်နှင့် တိုက်ဆိုက်နေပါတယ်။ လက်နက်ကိုင်များနဲ့
ရဲများအကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ရဲများက မျက်ရေယို ဗုံးများဖြင့် ပစ်ခတ်ခဲ့ခြင်း
ဖြစ်သည်။ ယခုနှစ်တွင် လုံခြုံရေးဝန်ထမ်းများကို ပဋိပက္ခများ ဖြစ်ပွားလာပါက ဖြေရှင်းနိုင်ရန်
လေ့ကျင့်ပေးထားပြီး လူကိုအန္တရာယ် မပေးနိုင်တဲ့ လက်နက်များ ကိုင်ဆောင်ခွင့် ပေးထားသည်။
လွန်ခဲ့သည့်ဇွန်လတွင် ရီယိုမှာ အကြမ်းဖက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာ့ဖလားပွဲ လုံခြုံရေးအတွက်
အစိုးရက နိုင်ငံတစ်ဝန်းတွင် အမေရိကန်ဒေါ်လာ (၈၅၆)သန်း အကုန်ကျခံ ပြင်ဆင်ထားကာ ရဲတပ်ဖွဲ့ဝင်
တစ်သိန်းကို တပ်ဖြန့်ထားပြီး အားကစားရုံများ လေယာဉ်ကွင်းများ ဟိုတယ်များနှင့် နယ်စပ်များကို
စောင့်ကြည့်ရန် တပ်ဖွဲ့ဝင် (ငါးသောင်း၇ထောင်)ကို တာဝန်ချထားသည်။
No comments:
Post a Comment