Saturday, May 31, 2014

တရုတ်နှင့် မလေးရှား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တဲ့ နှစ်(၄ဝ)ပြည့် အခမ်းအနားသို့ တရုတ်ဝန်ကြီးချုပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ တက်ရောက်



မေလ (၃၁) ရက်နေ့က ပြည်သူ့ခန်းမဆောင်မှာ ကျင်းပခဲ့သည့် တရုတ်နှင့် မလေးရှား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တဲ့ နှစ်(၄ဝ)ပြည့် အခမ်းအနားသို့ တရုတ်ဝန်ကြီးချုပ် လီကာ့ချန်နှင့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်တို့ တက်ရောက်ခဲ့တယ်လို့ သိရပါသည်။ မျိုးဆက်အဆင့်ဆင့် ညီညွတ်သည့် ပူးပေါင်းဆောင်ရွက်မှုတွေနှင့် အတူ တရုတ်-မလေးရှား ဆက်ဆံရေးမှ အကျိုးအမြတ်ကောင်းများ ရရှိနေပြီး ဒေသတွင်းမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဏ တစ်ခုအဖြစ် ပါဝင်နေကြောင်း လီက ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံဟာ မလေးရှားနိုင်ငံနှင့် နိုင်ငံရေးဆိုင်ရာ အပြန်အလှန် ယုံကြည်မှုတွေ တိုးမြှင့်ပြီး စီးပွားရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဏများမှာ ပူးပေါင်းဆောင်ရွက်ကာ နှစ်နိုင်ငံကြား တည်ငြိမ်တဲ့ ကာလရှည် ဆက်ဆံရေးကို ထူထောင်လိုကြောင်းလည်း ၄င်းက ပြောကြားခဲ့ပါသည်။ နာဂျစ်ရာဇတ်ကလည်း ယခင်အဆက်ဆက် ခေါင်းဆောင်များရဲ့ ဥာဏ်အမြော်အမြင် ကြီးမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ယခုလို ခိုင်မြဲနေရခြင်းဖြစ်ကြောင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဖက်လုံး အကျိုးအမြတ်များ ရရှိစေမှာဖြစ်ပြီး ငြိမ်းချမ်းရေးကိုလည်း တိုးပွါးစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လီကာ့ချန်နှင့် နာဂျစ်ရာဇတ်တို့ဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို တိုးမြှင့်သောအားဖြင့် တရုတ်နှင့် မလေးရှားမှ လူငယ်ကိုယ်စားလှယ် များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။ 


No comments:

Post a Comment