တရုတ်နိုင်ငံ
ဒုတိယအထွေထွေ စစ်ဦးစီးချုပ်တစ်ဦး အနေဖြင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂဲလ်၏
နှုတ်ထွက်စကားဟာ အခြေအမြစ် မရှိကြောင်း မေလ (၃၁)က စင်္ကာပူမှာ ကျင်းပခဲ့တဲ့ ရှန်ဂရီလာ
ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရပါသည်။ ဟေဂဲလ်ကတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့
တနည်းတဖုံ ကြောက်လန့်စေခြင်း ဆွဲဆောင်ခြင်း အင်အားသုံး အမိန့်ထုတ်ပြန်ခြင်းများ ဆောင်ရွက်နေတဲ့
မည်သည့်နိုင်ငံကိုမဆို ဆန့်ကျင်ပါကြောင်း နိုင်ငံတကာ အက်ဥပဒေကို ထောင်ထားခြားနား လာချိန်မှာ
အမေရိကန်အနေဖြင့် တခြားနည်းလမ်းကိုသာ ရွေးချယ်ရမှာဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။
တရုတ်ဒုတိယအထွေထွေ စစ်ဦးစီးချုပ်ဝမ်ကတော့ တရုတ်၏ အမေရိကန်တို့ဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို
တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေပြီး ဒါဟာ ခွင့်တူညီမျှမှုနှင့် အပြန်အလှန် လေးစားမှုကို
ရည်ညွှန်းခြင်းဖြစ်ပြီး တရုတ်နိုင်ငံဟာ ဒီဦးတည်ချက်နှင့် ဆောင်ရွက်နေပြီး ဟေဂဲလ်ရဲ့စကားဟာ
အပြုသဘော မဆောင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။
No comments:
Post a Comment