ပြည်ထောင်စုအဆင့်
အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာလုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၁၄)ကို
မေ ၂ ရက် မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေး
ခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး
စင်တာဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက
အမှာစကားပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းများ ဆောင်ရွက်နိုင်မှုအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးကြပြီး ဆက်လက်၍ လုပ်ငန်းများ
ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည် များအား ချိတ်ဆက် ဖြည့်ဆည်းပေးနိုင်ရန်
ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။ အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် အရေးပေါ်
ပေါင်းစပ်ညှိနှိုင်းရေးစင်တာ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊
အဖွဲ့ဝင် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ဦးကျော်ကျော်ဝင်းနှင့်
အဖွဲ့ဝင် ဝန်ကြီးဌာန ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး
စင်တာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊
မြို့မိ မြို့ဖများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment