ပဉ္စမအကြိမ်
ဂိုဏ်ပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ကျင်းပရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို
မေလ (၂)ရက်နေ့၊ နံနက် (၉)နာရီတွင် ရန်ကုန်မြို့၊ ကမ္ဘာအေး ကုန်းမြေ၊ သာသနာရေးဝန်ကြီးဌာန
ရန်ကုန်ရုံးခွဲရှိ အစည်းအဝေး ခန်းမ၌ ကျင်းပရာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဆန်းဆင့်က ဂိုဏ်းပေါင်းစုံ အစည်းအဝေးတွင် သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေး
အတွက် ဓမ္မ၀ိနယများနှင့်အညီ ပြင်ဆင်မည့် လုပ်ထုံးလုပ်နည်း ညွှန်ကြားလွှာများနှင့် အခြေခံစည်းမျဉ်းများကို
ဆရာတော်ကြီးများ ညှိနှိုင်းဆွေးနွေးကြရာတွင် သာသနာရေးဝန်ကြီးဌာနအနေဖြင့် အထောက်အကူ လုပ်ပေးရန်ဖြစ်ကြောင်း၊
အစည်းအဝေးကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဦးဆောင် ကျင်းပခြင်း ဖြစ်သည့်အတွက် အစည်းအဝေးကြီး
ကျင်းပ ပြီးစီးသည့်အခါ ပေါ်ထွက်လာသည့် ဆုံးဖြတ်ချက်၊ ပြင်ဆင်ချက်များကို အသက်ဝင်အောင်
ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ အချင်းချင်း ပူးပေါင်းညှိနှိုင်း
ပေါင်းစပ်ပေးရန်နှင့် ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
No comments:
Post a Comment