Saturday, May 31, 2014

ဆီးရီးယားနိုင်ငံ၏ ပြည်တွင်းစစ်မီးကြောင့် ပြည်သူပေါင်း တစ်သိန်းခြောက်သောင်းကျော် အသက်ဆုံးရုံး



ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ပေါ်သို့ အာဆတ်တပ်ဖွဲ့များမှ ဗုံးကျဲသည့် အသံများ ပဲ့တင်ထပ်နေသည့် ဗီဒီယိုတစ်ခုအား ပြသခဲ့ကြောင်း သိရပါသည်။ ဆီးရီးယားနိုင်ငံသည် သမ္မရွေးကောက်ပွဲအတွက် ပြင်ဆင်လျက်ရှိပြီး မဲဆန္ဒပေးဝေမှုနှင့် ပတ်သတ်ခဲ့ပြီး နိုင်ငံရပ်ခြား ဒေသများကပင် မျက်ကွယ်ပြုထားကြပါသည်။ လက်ဘနွန်ရှိ ဆီးရီးယား ဒုက္ခသည်များက ဆန္ဒထုတ်ဖော်လျက်ရှိပြီး ရွေးကောက်ပွဲ ဝင်သူများကတော့ ဒါဟာ စင်တင်ပြရုပ်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဘာရှာအယ်အာဆတ်ဟာ (၇)နှစ်တာ သမ္မတတာဝန်ကို တတိယအကြိမ်အဖြစ် ဆက်လက် ထမ်းဆောင်ရနိုင်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။ ဒမတ်စကတ်တွင် အာဆတ်နှင့် မြောက်ကိုရီးယား သံတမန်အဖွဲ့၏  ပြီးခဲ့သည့် ကြာသပတေးနေ့က တွေ့ဆုံခဲ့ပုံကို ဆီးရီးယားနိုင်ငံပိုင် ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့ပြီး မြောက်ကိုရီးယား ပြည်ပကုန်သွယ်ရေး ဝန်ကြီး၏ ပြောကြားချက်အရ မြောက်ကိုရီးယားသည် ပြည်တွင်းစစ်ကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေရတဲ့ ဆီးရီးယားပြည်သူများ နှင့်သာရပ်တည်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ပြည်တွင်းစစ်မီးကြောင့် လက်ရှိအချိန်ထိ ပြည်သူပေါင်း တစ်သိန်းခြောက်သောင်း အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment