ယူကရိန်းနိုင်ငံ၏ ခရိုင်းမီးယားဒေသကို
သိမ်းပိုက်လိုက်ပြီး စစ်အေးစတွင်စတင်ကာ မော်စကို၏ အရှေ့-အနောက်ပဋိပက္ခကို ပိုမိုဆိုးရွားလာအောင်
ရန်စခဲ့ပြီးနောက် မကြာမီတွင် ရုရှားနှင့် နေတိုး အဖွဲ့ဝင်နိုင်ငံများရှိ သံအမတ်များသည်
မတ်လ(၅)ရက်နေ့က ပထမဆုံးအကြိမ် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သင့်ကြောင်း ရာစ့်မူဆန်က ယမန်နေ့က
ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ နေတိုးတာဝန်ရှိသူ၏ ပြောကြားချက်အရ
သံအမတ်များ အစည်းအဝေးကို လာမည့် ဇွန်လ(၂)ရက်နေ့တွင် ကျင်းပမှာဖြစ်ပြီး လုံခြုံရေး အခြေအနေကြောင့်
ယူကရိန်းလည်း ပါဝင်ဆွေးနွေးမယ်၏ မျှော်လင့်ရကြောင်း သိရပါသည်။ ရုရှားနိုင်ငံဟာ ယူကရိန်း
နယ်စပ်များမှ ၄င်၏တပ်ဖွဲ့များကို ပြန်လည် ရုပ်သိမ်းခဲ့သော်လည်း တပ်သား ထောင်ပေါင်းများစွာ
ပါဝင်သည့် တပ်ရင်း(၇)ခုမှာ ကျန်ရှိနေပြီး ရာစ့်မူဆန်၏ ဆုံးဖြတ်ချက်သည် အမေရိကန်ကာကွယ်ရေး
အမှုထမ်းများ၏ ထင်မြင်ချက်နှင့် ညီညွတ်နေကြောင်း သိရပါသည်။ ရုရှား၏ တပ်ဖွဲ့ဝင် လေးသောင်းခန့်သည်
ယူကရိန်း နယ်စပ်အနီးတွင် စုရုံးနေခဲ့ကြောင်း နေတိုးက ခန့်မှန်းခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment