ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း
လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် ရှန်ဂရီလာ ဆွေးနွေးပွဲ ဒုတိယနေ့ကို တက်ရောက်ရန်
ကာကွယ်ရေးဝန်ကြီးများသည် စင်္ကာပူနိုင်ငံသို့ ဒီကနေ့တွင် ရောက်ရှိလာပြီးဖြစ်သည့်အတွက်
လုံခြုံရေးကို တင်းကြပ်ခဲ့ကြောင်း သိရှိရပါသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂဲလ်ဟာ
အာရှ-ပစိဖိတ် ဒေသနှင့်ပတ်သတ်ပြီး အမေရိကန်၏ ကတိပြုမှုတွေကို တွန်းအားပေး လုပ်ဆောင်သွားရန်
ဒီကနေတွင် ပြောကြားခဲ့ပါသည်။ ဟေဂဲလ်က ယမန်နေ့ကစတင်ခဲ့သည့် ၄င်း၏နှစ်ရက်ကြာ ခရီးစဉ်အတွင်း
နှစ်နိုင်ငံ ဆွေးနွေးပွဲ ဆယ်ခုကျော်နှင့် သုံးနိုင်ငံ ဆွေးနွေးပွဲ သုံးခုတို့၏ ဆက်ဆံရေးများကို
တိုးမြှင့်ရန်နှင့် တင်းမာမှုများကို တည်ငြိမ်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးတွင် ဂျပန်နိုင်ငံအနေဖြင့်
ကြီးမားသည့် အခန်းကဏ္ဍတွေကို လုပ်ဆောင်ရန် လိုအပ်နေပါသေးကြောင်း ၄င်းက အလေးပေး ဖော်ပြခဲ့သည်။
အခုဖိုရမ်ကို နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးတက္ကသိုလ် (အိုင်အိုင်အက်စ်အက်စ်) နှင့်အတူ
အာရှ အမေရိကန်နှင့် သြစတြေးလျတို့မှ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့်
တာဝန်ရှိသူများက အတူတကွ ဦးဆောင်ဦးရွက် ပြုကြရမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment