အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံများ၏ ကွဲခြားချက်ပေါ်တွင် အနိုင်ယူပြီး ယုံကြည်ချက်များ တည်ဆောက်ရန် အတူတကွလုပ်ဆောင်မည့် တရုတ်နိုင်ငံ
အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံများသည် ကွဲပြားခြားနားချက်များ
အပေါ်တွင် အနိုင်ယူပြီး ယုံကြည်ချက်တွေကို တည်ဆောက်ရန် အတူတကွ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း
တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် နိုင်ငံခြားရေးရာ ကော်မတီ၏ဥက္ကဌ ဖူရင်က ယမန်နေ့က ပြောကြားခဲ့ကြောင်း
သိရပါတယ်။ စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် အာရှလုံခြုံရေးညီလာခံ ဖွင့်ပွဲအခမ်းအနား
မတိုင်မှီ အာရှ-ပစိဖိတ် လုံခြုံရေးနှင့် သံတမန်ရေးရာ စီမံဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့်
ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် အခြေအတင် ဆွေးနွေးပွဲတစ်ခုအတွင်း ဖူရင်က ယခုလို ထင်မြင်ချက်များ
ပေးခဲ့ပါတယ်။ ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်ခြင်းတွေကို ကိုင်တွယ်ဖြေရှင်းခြင်း
ဖွံ့ဖြိုးတိုးတက်မှု ချောမွေ့အောင် ပြုလုပ်ခြင်းနှင့် ပိုမိုချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားရန်
လိုအပ်သေးကြောင်း၊ အာရှ-ပစိဖိတ်ဒေသသည် အနှစ်(၂ဝ)အတွင်း ကြီးမားသည့် ဆင်းရဲမှု လျော့ချရေးများနှင့်
ကမ္ဘာတွင်စီးပွားရေး လျှင်မြန်စွာဖွံ့ဖြိုး တိုးတက်လာမှုများ တွေ့ကြုံခဲ့သည့်အပြင် တရုတ်နိုင်ငံသည် ဒေါင်ယွီခေါ် ရှင်ကာကုကျွန်းများနှင့်
ပတ်သတ်သည့် ခက်ခဲသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။ သုံးရက်ကြာ
ကျင်းပသည့် ရှန်ဂရီလာ ဆွေးနွေးပွဲအတွင်း လန်ဒန်အခြေစိုက် နိုင်ငံတကာဆိုင်ရာ မဟာဗျူဟာ
လေ့လာရေးတက္ကသိုလ်မှ လုံခြုံရေးဆိုင်ရာ အမြင်ချင်း ဖလှယ်မှုများဖြင့် ကာကွယ်ရေးဆိုင်ရာ
ကျွမ်းကျင်မှုများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
No comments:
Post a Comment