Saturday, May 31, 2014

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် လပွတ္တာမြို့နယ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား



၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို လပွတ္တာမြို့နယ်၊ လပွတ္တာမြို့၊ အမှတ်(၃) ရပ်ကွက် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှင့် သပြုကုန်းကျေးရွာအုပ်စု၊ ပျဉ်ထောင်တွင်းကျေးရွာ အလယ်တန်းကျောင်းတို့တွင် မေလ (၃ဝ)ရက်နေ့က ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဦးဝင်းကိုကို က အဖွင့်အမှာစကား  ပြောကြားခဲ့ပါသည်။ အဲဒီနောက် ကျောင်းသား/ကျောင်းသူများ အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ လှူဒါန်းသော ဗလာစာအုပ် ဒါဇင် (၁ဝဝဝ)ကို ပေးအပ်ပြီး မြို့ပေါ်ရှိ စေတနာရှင်၊ လုပ်ငန်းရှင်များ၊ လူမှုရေး အဖွဲ့အစည်း အသီးသီးမှ စာရေးကိရိယာ နှင့် အလှူငွေများ ဆက်လက် ပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကျောင်းအပ်နှံရေးနေ့ လှုပ်ရှားမှုများကို တိုင်းဒေသကြီး ဝန်ကြီးက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။ အလားတူ ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာခရိုင်၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့၊ ခရိုင် အမျိုးသမီးရေးရာ အဖွဲ့တို့မှ ကြီးမှူးကျင်းပ လှူဒါန်းသော ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် စာရေးစားပွဲ၊ ထိုင်ခုံ၊ ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို မေလ(၃ဝ)ရက် မနက် (၉)နာရီက လပွတ္တာမြို့နယ် ကျောက်မှော်ကျေးရွာအုပ်စု မူလတန်းကျောင်းမှာ ကျင်းပရာ ခရိုင် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့၊ ခရိုင် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး စာရေးစားပွဲ၊ ထိုင်ခုံ အစုံ(၃ဝ)နှင့် ဗလာစာအုပ် (၁၁)ဒါဇင်အား ပေးအပ်ခဲ့ပါသည်။ အဲဒီနောက် အလှူရှင်များက ကျောင်းသား ကျောင်းသူ (၁၃၇)ဦး အတွက် လွယ်အိတ်နှင့် ကွန်ပါဘူးများ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပါသည်။ အဲဒီနောက် ကျောင်းသားမိဘ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment