Saturday, May 31, 2014

'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ ကျောင်းအပ်နှံရေးနေ့



'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတိုင်း ဟိုပန်မြို့နယ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ဟိုပန်မြို့ မြသိန်းတန် ဘုန်းကြီးကျောင်းတွင် မေလ(၃ဝ)ရက်နေ့ မနက်က  ကျင်းပပြုလုပ် ခဲ့ပါသည်။ ရှေးဦးစွာ 'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တိုင်းဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဲဒီနောက် 'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တိုင်းဦးစီး အဖွဲ့ အဖွဲ့ဝင် ဦးသန်းလွင်က ပညာရေးအတွက် ထောက်ပံ့မှုနှင့် ပတ်သတ်ပြီး ရှင်းလင်း မှာကြားပါသည်။ ဆက်လက်ပြီး ဟိုပန် အ.ထ.က ကျောင်းအုပ် ဆရာမကြီးမှ နိုင်ငံတော် အစိုးရနှင့် 'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတိုင်းတို့မှ ပေးအပ်သော ထောက်ပံ့မှုနှင့် ပတ်သတ်၍ ကျေးဇူးတင်စကား ပြောကြားပြီး ဟိုပန်မြို့နယ် အတွက် နိုင်ငံတော် အစိုးရ၏ ထောက်ပံ့ပေးအပ်သော ကျောင်းသုံး ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များ၊ ဟိုပန်မြို့နယ် ကျောင်းအသီးသီး အတွက် အလှူရှင်များ ပေးအပ်သော လှူဒါန်း ထောက်ပံ့ ပစ္စည်းများကို လက်ခံရယူ ခဲ့ကြပါသည်။ 

No comments:

Post a Comment