တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စံပြကျောင်းများ၏ ကျောင်းအပ်နှံရေး
အထိမ်းအမှတ် အခမ်းအနားကို မေလ(၃၀)ရက် မနက်(၈)နာရီမှာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊
မြောက်ရွာရပ်၊ ပခုက္ကူဘုန်းတော်ကြီး ကျောင်းတွင်ကျင်းပရာ ပခုက္ကူကျောင်းတိုက် ပဓါန နာယက
ဆရာတော် ဩဝါဒ စကား ဟောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြတ်ကို ကအမှာစကား ပြောကြားပါသည်။ ဆက်လက်ပြီး ပညာရေးညွန်ကြားရေးမှူးရုံး တာဝန်ခံ
ဦးထွန်းရီက ကျောင်းအပ်နှံရေး အခမ်းအနားနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
အလှူရှင်များက ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများကလက်ခံပြီး စေတနာရှင်
အလှူရှင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပါသည်။ အဆိုပါမူလတန်း၊
အလယ်တန်း အထက ကျောင်းသား/ကျောင်းသူဦးရေ (၄၂၅)ဦး ဗလာစာအုပ် ၊ ထီး၊ ဖိနပ်၊ ဆန်၊ ၊လွယ်အိတ်၊ ဆပ်ပြာကို
အလှူရှင်များဖြစ်သော ဖြူစင်နှလုံးသား
ဖောင်ဒေးရှင်း နှင့် ဦးအောင်မင်း+ ဒေါ်နွေးနွေးလယ် မိသားစုတို့က လှူဒါန်းပြီး
တိုင်းပညာရေးမှူးရုံးမှ ထောက်ပံ့ငွေကျပ် (၄၈)သိန်း နှင့် စေတနာရှင် အလှူရှင်များက တန်ဖိုးငွေကျပ်
(၆)သိန်း(၈)သောင်း(၂)ထောင်၊(ကိုး)ရာ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment