မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာပူးပေါင်း
ဆောင်ရွက်ရေးဆိုင်ရာ တတိယအကြိမ် ပူးတွဲကော်မတီ အစည်းအဝေးကို မေလ (၃၀) ရက် မနက် (၉)နာရီတွင်
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ
ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊
မြန်မာနိုင်ငံရဲ့ ပို့ကုန်များ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေးအတွက်
နည်းပညာ အကူအညီများ ရယူရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်နိုင်ငံမှ အကူအညီ၊ ချေးငွေ စီမံကိန်းများနှင့်
စပ်လျဉ်းပြီး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်ပေးလျက်ရှိသည့် ဆွေးနွေးပွဲများ၊ သင်တန်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊
အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ၊ အာဆီယံ-တရုတ် ပေါင်းစပ်ဆက်သွယ်မှု စသည့် ဒေသတွင်း
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ
စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှင့်နှံမှု တိုးမြှင့်ရန် ပူးပေါင်းဆောင်ရွက်ရေး
ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေး၊
ကုန်သွယ်ရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲကော်မတီ ပထမအကြိမ် အစည်းအဝေးကို
၂၀ဝ၅ခုနှစ်တွင်၎င်း၊ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀ဝ၈ခုနှစ်တွင်၎င်း ပြုလုပ်ခဲ့ပြီး တတိယအကြိမ်
အစည်းအဝေးကို ယခုကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
No comments:
Post a Comment