Saturday, May 31, 2014

နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်တွင် ပြည်နယ်/တိုင်းဒေသကြီး များမှ ညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးမှူးများ ကွင်းဆင်းလေ့လာခြင်း

နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ စက်စက်ယို ဆည်ရေသောက်စနစ် တစ်ကွင်း တစ်စပ်တည်း ဧက (၉ဝဝ) စိုက်ခင်းရှိ ကြံ တစ်ဆစ်ချင်း ပျိုးထောင်စိုက်နည်းစနစ် အထူး စံပြကွက်တွင် ကြံပျိုးထောင်မှု လုပ်ငန်းအဆင့်ဆင့် နှင့် စိုက်ပျိုးထားရှိမှုများ လက်တွေ့ ရှင်းလင်း သရုပ်ပြခြင်း အခမ်းအနားကို မေလ (၃ဝ)ရက်နေ့ နံနက် က ကျင်းပခဲ့ပါသည်။ သရုပ်ပြပွဲမှာ ခရိုင်ဦးစီးမှူးက စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဖော်ထုတ်၍ စတင်မျိုးပွားလျက်ရှိသည့် နေပြည်တော်(၁) ကြံမျိုး နှင့် အထွက်ကောင်းမျိုး နဝဒေး (၄)အား အသုံးပြုပြီး ကြံတစ်ဆစ်ချင်း ပျိုးထောင်စိုက်နည်း စနစ်ဖြင့် စိုက်ပျိုးထားသည့် ဖြစ်ထွန်းအောင်မြင်လျှက်ရှိသော (၅)လခွဲသား ကြံစိုက်ခင်းအား ပျိုးထောင်မှုနှင့် စိုက်ပျိုးမှု လုပ်ငန်းအဆင့်ဆင့်ကို လည်းကောင်း၊ ကြံတစ်ဆစ်ချင်း ပျိုးထောင် စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းအားဖြင့် အထွက်နှုန်း သိသာစွာ တိုးတက်ရရှိပြီး ဝင်ငွေသိသာစွာ တိုးတက်ရရှိစေသဖြင့် ကြံစိုက်ပျိုးသည့် မြို့နယ်များတွင် စံပြစိုက်ခင်းများကို ယခုကဲ့သို့ ဖြစ်ထွန်းအောင်မြင် စိုက်ပျိုးရန်နဲ့ ကြံစိုက် တောင်သူများအနေဖြင့် သိပ္ပံနည်းကျ အထွက်တိုးနည်း စနစ်များအပေါ် ယုံကြည်လက်ခပြီး လက်တွေ့ စိုက်ပျိုးခြင်းဖြင့် ဒေသအတွင်း ကြံအထူးအထွက် တိုးလာမယ့် အခြေအနေကို လည်းကောင်း ရှင်းလင်း ပြောကြားပါသည်။ အဲဒီနောက် လေ့လာရေး အဖွဲ့များမှ တစ်ဧကတန် (၈ဝ)နှင့် အထက်ထွက်ရှိနိုင်သည့် အထူးစံပြကွက်အတွင်း လေ့လာ ကြည့်ရှုခဲ့ပါသည်။


No comments:

Post a Comment