မိုးဦးကျကာလဖြစ်သည့်
ဧပြီ ၊သြဂုတ်လများမှာ ဥကပ်နေသည့် သို့မဟုတ် ဥဖြင့်ပြည့်ဝနေသည့် ရေချို၊ ရေငံ ငါး၊ ပုဇွန်ထုပ်ကြီးများ
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်များမှာ ဥချရန်ပြင်ဆင်လျက်
ရှိကြပါသည်။ ယင်းပုဇွန်ထုပ်ကြီးများမှာ ထောင်ပေါင်းများစွာသော ပုဇွန်များ ပေါက်ပွားလာနိုင်မည်
ဖြစ်သည့်အတွက် အဆိုပါမျိုးပုဇွန်ကြီးများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပါက ၄င်းတို့မှ သားလောင်းများ
မပေါက်ပွားလာနိုင်တော့ဘဲ မျိုးပြုန်းတီးစေရာရောက်သဖြင့် ဥကပ်နေသော သို့မဟုတ် ဥဖြင့်ပြည့်ဝနေသော
မျိုးပုဇွန်ကြီးများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊
အရောင်း အဝယ် မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၁/ ၉၂ ဖြင့်
တားမြစ် ထားပါသည်။ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ရေချိုငါးလုပ်ငန်းဥပဒေအရ
အရေးယူခြင်းခံရမည် ဖြစ်ပါသည်။
No comments:
Post a Comment