နိုင်ငံတစ်ဝန်းလုံးတွင်
၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလမှ မေလအထိ (၅)လတာ ကာလအတွင်း မီးလောင်မှု (၉၆၈)ကြိမ်ဖြစ်ပွားခဲ့ပြီး
ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး (ကျပ် ၃၂၂၁.၉၁)သန်း ဆုံးရှုံးခဲ့ပါသည်။ အဆိုပါ မီးလောင်မှုများတွင်
လျှပ်စစ်ဓာတ်အား သုံးစွဲရာမှ ဖြစ်ပေါ်ခဲ့သည့် မီးလောင်မှု (၁၆၂)ကြိမ် ဖြစ်ခဲ့သည့်အတွက်
မီးလောင်မှု၏ (၁၆.၇၄)သည် လျှပ်စစ်ဓာတ်အားသုံးစွဲရာမှ ဖြစ်ပေါ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍
လျှပ်စစ်ဓာတ်အား သုံးစွဲရာမှ မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ပြည်သူလူထုမှ လျှပ်စစ်ဓာတ်သုံးစွဲမှုနှင့်
ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား သုံးစွဲမှု သတိပြု လျှပ်စစ်ဓာတ်အား
သုံးလျင် စသည့် မီးသတိပေးနှိုးဆော်ချက်များအား မီးသတ်ဦးစီးဌာနမှ သတိပေးနှိုးဆော်ချက်
ထုတ်ပြန်ပါသည်။
No comments:
Post a Comment