Sunday, June 8, 2014

မြန်မာနိုင်ငံ စာရေးဆရာအသင်း ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ကျင်းပမည်



မြန်မာနိုင်ငံ စာရေးဆရာအသင်း ပထမအကြိမ် စာပေညီလာခံ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ဇွန်လ(၂၈)ရက်မှာ ရန်ကုန်မြို့ သူနာပြုတက္ကသိုလ် အစည်းအဝေး ခန်းမကြီးမှာ ကျင်းပမှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို နံနက်(၉)နာရီတွင် ပြုလုပ်မည် ဖြစ်သည်။ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ အနေဖြင့် မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ်(၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ဝ၁-၂၅၂ ၄၁၇ နှင့် ဝ၁-၃၈၅ ၂၇၃ တို့သို့ ဆက်သွယ် သတင်းပေးပို့ကြရန်နဲ့ ကိုယ်စားလှယ်များ ကြိုဆိုပွဲ အခမ်းအနားကို မြန်မာနိုင်ငံ စာရေးဆရာအသင်း အစည်းအဝေး ခန်းမတွင် ဇွန်လ(၂၇)ရက်နေ့ ညနေ(၃)နာရီမှာ ပြုလုပ်မှာဖြစ်ကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment