ခရီးသွား
ပြည်သူများ ခရီးသွားစဉ် အန္တရာယ် ကင်းစေရေး အတွက် မြိတ်မြို့မှ နေ့စဉ်ပြေးဆွဲလျက်ရှိသော
မြိတ်- ဘုတ်ပြင်း- ကော့သောင်း ခရီးစဉ် ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်များကို ဇွန်လ
(၇)ရက်နေ့ ည(၁၁)နာရီက ပုဂ္ဂလိက ယာဉ်များ ပြေးဆွဲရေး ကြိးကြပ်မှု ကော်မတီရုံးရှေ့တွင်
စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို ပို့ဆောင်ရေး စီမံကိန်း
ဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနနှင့် ခရိုင်/မြို့နယ် ပုဂ္ဂလိကယာဉ်များ
ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ခရီးသည်တင် မော်တော်ယာဉ်များအား
ယာဉ်ကြံ့ခိုင်မှု ရှိ/မရှိ၊ ယာဉ်အစိတ်အပိုင်းများ ကောင်းမွန်စွာ သုံးစွဲနိုင်ခြင်း ရှိ/မရှိ၊
ယာဉ်များ ခရီးဝေး မောင်းနှင် နိုင်မှု ရှိ/မရှိ၊ ယာဉ်မောင်းများ ကျန်းမာရေး ကောင်းမွန်မှု
ရှိ/မရှိ နှင့် အရက်သေစာ သောက်စားထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး ကျန်ရှိသော
မော်တော်ယာဉ် လိုင်းများအား ဆက်လက် စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment