၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို
ဘရာဇီးနိုင်ငံတွင် ဇွန်လ (၁၂)ရက်နေ့ စတင်ကျင်းပတော့မည်ဖြစ်ရာ ည (၁၂း၃၀)နာရီတွင် ဖွင့်ပွဲအခမ်းအနားကိုလည်းကောင်း၊
(၁၃-၆-၂၀၁၄)ရက်နေ့ နံနက် (၀၂း၃၀)နာရီတွင် ဘရာဇီးအသင်းနှင့် ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကိုလည်းကောင်း
မြန်မာ့ရုပ်မြင်သံကြားမှ Analogue စနစ်ဖြင့် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး၏ အသင်း(၁၆)သင်း ရှုံးထွက်ပွဲစဉ်များအနက် (၂)ပွဲ၊ ကွာတားဖိုင်နယ်
ပွဲစဉ်(၂)ပွဲ၊ ဆီးဂိမ်းဖိုင်နယ် ပွဲစဉ် (၂)ပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်တို့ကိုလည်း မြန်မာ့ရုပ်မြင်သံကြားမှ
Analogue စနစ်ဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။
No comments:
Post a Comment