ပထမအကြိမ် ပြည်သူ့လွှတ်တော်
ဒသမပုံမှန် အစည်းအဝေး ဒသမနေ့ကို ဇွန်လ (၁၂)ရက် မနက် (၁၀)နာရီက ကျင်းပရာ ကြို့ပင်ကောက်
မြို့နယ်ရှိ မီတာ (၄၀ဝ) အားကစားကွင်းအား အဆင့်မြင့် ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊
ကျောက်စိမ်းနဲ့ ကျောက်မျက် ရတနာ စသည့် ဓာတ်သတ္တုများအား အသေးစား ထုတ်လုပ်ခွင့်ပြုမိန့်
လျှောက်ထားရာတွင် ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ၊ ထီးချိုင့်မြို့ (၂၅)ကုတင်ဆံ့
ဆေးရုံအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ခုတင် (၅၀)ဆံ့ ဆေးရုံအဖြစ် တိုးမြှင့် ဆောင်ရွက်ပေးရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းများ အပါအဝင် မေးခွန်း (၆)ခု မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ
ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက ပြန်လည် ဖြေကြားခဲ့ကြပါသည်။ ဆက်လက်ပြီး အမျိုးသားလွှတ်တော်မှ
ပြင်ဆင်ချက်များဖြင့် ပြန်လည် ပေးပို့လာတဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာ
ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး ပြင်ဆင်ချက်များကို လွှတ်တော်သို့ တင်ပြခြင်းနှင့် လွှတ်တော်
(၂)ရပ် သဘောထား ကွဲလွဲချက်များကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန် ဆုံးဖြတ်ခြင်းတို့
ဆောင်ရွက်ခဲ့ပါသည်။
No comments:
Post a Comment