ပါကစ္စတန် ကရာချိလေဆိပ် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများရဲ့
ဈာပနာကို (၁၁-၆-၁၄) ရက်နေ့က ကျင်းပခဲ့ပါသည်။ တာလီလန်တို့ရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း(၃၀)ကျော်
သေဆုံးခဲ့ပြီး၊ တာလီဘန်နဲ့ ဝန်ကြီးချုပ် တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုကိုလည်း
ပျက်စီးစေခဲ့ပါသည်။ ကုန်လှောင်ရုံ အဆောက်အအုံထဲမှာ နောက်ထပ် သေဆုံးမှုများ တွေ့ရှိခဲ့ပြီး၊
(၁၁-၆-၁၄) ရက်နေ့ကလည်း မော်တော်ဆိုင်ကယ်နဲ့ သေနတ်သမားများက လေဆိပ်လုံခြုံရေး တပ်ဖွဲ့များကို
ပစ်ခတ်ခဲ့ပါသည်။ ပါကစ္စတန် တာလီဘန်များက လေဆိပ်တိုက်ခိုက်မှု မှန်သမျှဟာ ၄င်းတို့ရဲ့
လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။
No comments:
Post a Comment