Wednesday, June 11, 2014

အီရန်နဲ့ အမေရိကန်ကြား (၁၀)စုနှစ်အတွင်း ပထမအကြိမ် တရားဝင် တံခါးပိတ် ဆွေးနွေး

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ အီရန်နဲ့ အမေရိကန်ကြား နျူကလီးယား ဆွေးနွေးပွဲကို (၂)ရက်ကြာ ကျင်းပခဲ့ပြီး၊ ဒါဟာညင်သာစွာ ချဉ်းကပ်ခြင်းသာ ဖြစ်ကြောင်း အီရန်နိုင်ငံရေး ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ခဲ့ပါသည်။ နှစ်နိုင်ငံကြား (၁၀)စုနှစ်အတွင်း ပထမအကြိမ် တရားဝင် တံခါးပိတ် ဆွေးနွေးခြင်းလဲ ဖြစ်ပါသည်။ ယခု အစည်းအဝေးဟာ သဘောတူညီမှုကို ပိုမိုနီးကပ် စေကြောင်းလဲ သတင်းများက ဆိုပါသည်။ (၆)နိုင်ငံနဲ့ အီရန်ကြား ဆွေးနွေးသဘော တူညီခဲ့မှုဟာ ဇူလိုင်(၂၀)မှာ ပြီးဆုံးမှာဖြစ်ပြီး၊ အငြင်းပွားမှုတွေကို အဆုံးသတ်ဖို့ရာ နျူကလီးယား လောင်စာ သိုလှောင်ထားမှု၊ ပွင့်လင်းမြင်သာမှုနဲ့ ဒုံးကျည်များ ကိစ္စတို့ပါဝင် ပါသည်။  လက်ရှိမှာတော့ အီရန်-အမေရိကန် နှစ်ဖက်လေ့လာမှု သံတမန် ဆက်ဆံမှုအသစ် တစ်ရပ်ကို ဖော်ဆောင်နိုင်ဖို့ လုပ်ဆောင်လျှက် ရှိကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment