(၂၀၁၄)
ကမ္ဘာ့ဖလား (၁၆)သင်းအဆင့် ပွဲစဉ်များမှာ ပြင်သစ်က နိုက်ဂျီးရိးယားကို (၂)ဂိုးပြတ်နဲ့
အနိုင်ရရှိခဲ့ပါသည်။ နောက်ကျဂိုး (၂)ဂိုးကြောင့် နိုင်ဂျီးရီးယားတို့ရဲ့ ကွာတားတက်ရေး
အိမ်မက်လဲ ပျက်ပြယ်ခဲ့ရပါသည်။ ပေါလ်ပေါ့ဘာက (၇၉)မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့ပြီး၊
ထပ်ဆောင်း အချိန်ပိုမှာ ဂျိုးဆက်ယိုဘိုက ကိုယ်ဂိုးကိုယ် သွင်းယူသွားခဲ့တာ ဖြစ်ပါသည်။
ဒီပွဲမှာ နိုက်ဂျီးရီးယား အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တာ တွေ့ရပါသည်။
အခြားပွဲမှာတော့ ဂျာမနီက အယ်လ်ဂျီးရီးယားကို ၂ဂိုး-၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါသည်။ ပထမပိုင်း
ပြီးသည်အထိ အယ်လ်ဂျီးရီးယားရဲ့ မာမာထန်ထန် ကစားမှုကြောင့် ဂိုးမရှိသရေ ဖြစ်နေခဲ့ပါသည်။
အချိန်ပို ကစားတဲ့ စက္ကန့်(၉၀) အတွင်းမှာပဲ လူစားဝင်လာတဲ့ အန်ဒရေးရှရယ်လ်က အနိုင်ဂိုးကို
သွင်းယူခဲ့ပြီး မိနစ်(၁၂၀)မှာ အိုဇေးလ်က ထပ်မံသွင်းယူခဲ့ကာ၊ ဂျာမနီအသင်းဟာ (၁၉၃၈) ခုနှစ်ကနေ
ယနေ့အချိန်ထိ ကွာတားဖိုင်နယ် တက်ရောက်နိုင်မှု စံချိန်ကို ထိန်းသိမ်း ထားနိုင်ခဲ့ကာ၊
နောက်တစ်ဆင့် ကွာတားဖိုင်နယ် မှာတော့ဂျာမနီဟာ ဆီးမီးတက်ရေး အတွက်ပြင်သစ်နဲ့ ယှဉ်ပြိုင်ကြရတော့မှာ
ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment