Monday, June 30, 2014

စီချွှမ်းပြည်နယ်ရှိ ချန်ဒူးပန်ဒါ မွေးမြူရေးစခန်းမှာ ပန်ဒါအမွှာလေး နှစ်ကောင်ကို မွေးဖွား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွှမ်းပြည်နယ်ရှိ ချန်ဒူးပန်ဒါ မွေးမြူရေးစခန်းမှာ ပန်ဒါဝက်ဝံ ယန်ဇင်းဟာ ပန်ဒါအမွှာလေး နှစ်ကောင်ကို မွေးဖွားပေးခဲ့ကြောင်း သိရပါသည်။ ၄င်းပန်ဒါ နှစ်ကောင်ဟာ အထီးတစ်ကောင်နဲ့ အမတစ်ကောင်ဖြစ်ပြီး ၄င်းမြို့မှာ အခုနှစ်အတွင်း ပထမဆုံးအကြိမ် မွေးဖွားတဲ့ အမွှာပန်ဒါဖြစ်ပါသည်။ ပန်ဒါမွေးမြူ သူများနဲ့ တရိစ္ဆာန်ဆေးကု ဆရာဝန်များဟာ ၄င်းစခန်းမှာ ပန်ဒါကောင်ရေ (၁၂၉)ကောင်ကို ဖမ်းဆီးမွေးမြူ စောင့်ရှောက်ထားပြီး ကမ္ဘာပေါ်မှာ အရေအတွက် အမျာဆုံး ဖြစ်ပါသည်။ ပြီးခဲ့တဲ့ သီတင်းပတ်က ပန်ဒါမကြီး ယန်ယန်ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီးပြည်နယ်မှာ ပန်ဒါအမွှာ နှစ်ကောင်ကို မွေးဖွားခဲ့ပါသည်။ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ပန်ဒါကောင်ရေ (၄၉)ကောင် မွေးဖွားခဲ့ပြီး (၄၁)ကောင် အသက်ရှင်လျက် ရှိကြောင်း သိရပါသည်။ (၂၀၁၃)ခုနှစ်ကုန်မှာ ကမ္ဘာတစ်ဝန်း ပန်ဒါကောင်ရေ (၃၇၆)ကောင်ကို ဖမ်းဆီးမွေးမြူခဲ့ပြီး၊ ပျှမ်းမျှကောင်ရေ (၁၆၀ဝ)ခန့်ဟာ သဘာဝ တောထဲမှာ ရှင်သန်ကျက်စား လျှက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment