Sunday, June 1, 2014

ဂျပန်နိုင်ငံ တစ်ဝန်းမှာ အပူလှိုင်း ကျရောက်ခဲ့ကြောင်း


ဂျပန်နိုင်ငံ တစ်ဝန်းမှာ အပူလှိုင်း ကျရောက်ခဲ့ကြောင်း သိရပါသည်။ ဂျပန်မိုးလေ၀သ အေဂျင်စီရဲ့ အပူချိန် တိုင်းတာချက်အရ အပူချိန မြင့်တက်မှုဟာ မေလ (၃၁)ရက်နေ့က စတင်ခဲ့ပြီး ယခု သီတင်းပတ် အတွင်းအထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါသည်။ ဒီကနေ့အထိ နိုင်ငံတစ်ဝန်း အပူချိန်တိုင်းတာချက်ဟာ (၃၅)ဒီဂရီ ဆဲလ်စီယပ် အထိရှိပြီး မြို့တော်တိုကျိုမှာ အပူချိန်ဟာ (၃၃)ဒီဂရီ ဆဲလ်စီယပ်အထိ ရှိပါတယ်။ အပူချိန် မြင့်တက်မှုကြောင့် လူ(၂)ဦးသေဆုံးပြီး (၃၀၀)ကျော် ဆေးရုံ တက်ရောက် ကုသခံယူနေကြောင်း အန်အိပ်ခ်ျခေ သတင်းဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။



No comments:

Post a Comment