Sunday, June 1, 2014

ဂျင်မ်ကလက်ခ် ကားမောင်းပြိုင်ပွဲ တစ်ခုအတွင်း တိမ်းမှောက်မှု တစ်ခုကြောင့် လူ(၃)ဦးသေဆုံး



စကော့တလန် နိုင်ငံမှာ ဂျင်မ်ကလက်ခ် ကားမောင်းပြိုင်ပွဲ တစ်ခုအတွင်း တိမ်းမှောက်မှု တစ်ခုကြောင့် လူ(၃)ဦးသေဆုံးပြီး အခြားတစ်ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ မတော်တဆ မှုကြောင့် ပြိုင်ပွဲကို ရပ်တန့်ထား ခဲ့ကြောင်းနဲ့ ဒါဟာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ် တုန်းကတော့ (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ကြေငြာချက် ထုတ်ပြန်ရာသို့ အရေးပေါ် အဖွဲ့အစည်းမှလည်း တက်ရောက်ခဲ့ပြီး ဂျင်မ်ကလက်ခ် ကားပြိုင်ပွဲကို စကော့တလန်မှာ ကားလမ်းများ ပိတ်ပြီး တစ်နှစ်မှာ (၃)(၄)ရက်ခန့် ကျင်းပတာ ဖြစ်ကာ ဂျင်မ်ကလက်ခ်ဆိုတာ (၁၉၆၃)နဲ့ (၁၉၆၅)ခုနှစ်များက ကမ္ဘာ့ကားမောင်း ချန်ပီယံ စကော့တလန်သား ဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment