Sunday, June 8, 2014

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ရေလွှမ်းမိုးမှု



အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ ရေလွှမ်းမိုးမှု ဖြစ်ပွားပြီး လူ(၅၀)ကျော် သေဆုံးပြီးတဲ့နောက် ပျောက်ဆုံးနေသူများကို ရှာဖွေရေးမှာ အကူအညီပေးရေးအတွက် ရေနစ်မြုပ်ရာမှ အသက်ရှင်ကျန်ရစ်သူများက အစိုးရအား ဇွန်(၇)ရက်နေ့က တောင်းဆိုခဲ့ပါသည်။ ရေလွှမ်းမိုးမှုဟာ ဘက်ဂ်လန်ပြည်နယ် မြောက်ပိုင်းရှိ ဂိုဇာဂါ-အီ-နော်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့တာ ဖြစ်ပါသည်။ အာဖဂန် ကျေးလက်ဒေသဖွံဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးက အခြေအနေများကို ခန့်မှန်း တွက်ချက်ပြီးတဲ့အတွက် ကူညီထောက်ပံ့နိုင်တော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အာဖဂန်ဟာ အပူပိုင်းနိုင်ငံ တစ်နိုင်ငံဖြစ်ပေမဲ့ နွေရာသီမှာ မိုးများရွာသွန်းခဲ့ရာ အာဖဂန်နိုင်ငံ အနောက်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ ပြီးခဲ့တဲ့ ဧပြီလက ရေလွှမ်းမိုးမှုအတွင်း လူ(၁၀ဝ)ကျော် သေဆုံးခဲ့ကြောင်း သိရပါသည်။


No comments:

Post a Comment