ကမ္ဘာ့နံပါတ်(၈) တင်းနစ်ကစားသမား အန်ဒီမာရေးဟာ ကမ္ဘာ့နံပါတ်(၁) တင်းနစ်ကစားမယ်ဟောင်း
အန်မယ်လီမော်ရက်စ်မိုကို ၄င်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း ဇွန်လ (၈)ရက်နေ့က ကြေငြာခဲ့တယ်လို့ သိရပါသည်။ ဝင်ဘယ်ဒန်နဲ့ ဩစတြေးလျ
အိုးပင်းချန်ပီယံဟောင်း အသက်(၃၄)နှစ်အရွယ် မော်ရက်စ်မိုဟာ (၂၀ဝ၉)ခုနှစ်က ကစားသမားဘဝကနေ
အနားယူခဲ့ပြီးကတည်းက အောင်မြင်တဲ့ နည်းပြဆရာတစ်ဦးအနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါသည်။ နည်းပြအသစ်နဲ့
လက်တွဲဆောင်ရွက်ရမဲ့အတွက် စိတ်လှုပ်ရှားနေကြောင်း၊ အန်မယ်လီမော်ရက်စ်မိုဟာ ၄င်းအမြဲကြည်ညှိလေးစားရတဲ့သူ
တစ်ဦး ဖြစ်ကြောင်း သူမဟာ ဘယ်လောက်ပဲ အကျဉ်းထဲ အကြပ်ထဲ ရောက်နေပါစေ အဓိကပြိုင်ပွဲကြီးများမှာ
အနိုင်ယူခဲ့တဲ့ စိတ်လှုပ်ရှားစရာကောင်းတဲံ ကစားမယ်တစ်ဦးလည်းဖြစ်ကြောင်းနဲ့ သူမရဲ့အတွေ့အကြုံနဲ့
ကျွှမ်းကျင်မှုများက ၄င်းတို့ကို ပိုမိုထူးချွှန်မြင့်မားအောင် တွန်းတင်ပေးသွားနိုင်မှာ
ဖြစ်ကြောင်း မာရေးက ပြောကြားခဲ့တယ်လို့ သိရပါသည်။
No comments:
Post a Comment