နိုင်ငံတော်အစိုးရမှ
ကျေးလက်နေ ပြည်သူများ ဆင်းရဲမှုလျော့ချရေး အတွက် စီမံဆောင်ရွက် ပေးလျက်ရှိရာ မွေးမြူရေး
ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန၏ မြစိမ်းရောင် ကျေးရွာ စီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ (၇)ရက်နေ့မှာ
လားရှိုးမြို့ ပြည်နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပရာ
ရှမ်းပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ တက်ရောက် အမှာစကား
ပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
ပြည်နယ်(ရုံးခွဲ) ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်
ပတ်သက်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် ကျေးရွာ(၅၅)ရွာ၊ ဟိုပန်မြို့နယ်တွင်
ကျေးရွာ(၃၄)ရွာ၊ မိုင်းရယ်မြို့နယ်တွင် ကျေးရွာ(၂၉)ရွာ အကောင်အထည် ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း
သိရှိရသည်။ အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စု ခန်းမတွင်
ဇွန်လ(၅)ရက်နေ့က မြို့နယ် စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြု ကော်မတီဝင်များနှင့် ကျေးရွာပြည်သူ လူထုများအား တွေ့ဆုံပြီး မြစိမ်းရောင်
ကျေးရွာ စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း
သိရှိရသည်။
No comments:
Post a Comment