ကျန်းမာရေးဝန်ကြီးဌာန၊
တိုင်းရင်းသားဆေးပညာ ဦးစီးဌာနမှ ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်း ၏ ကူညီပံ့ပိုးမှုဖြင့် မကွေးတိုင်းဒေသကြီး အတွင်းရှိကျေးရွာ(၂၀ဝ၀)သို့
ဖြန့်ဝေပေးရန်အတွက် အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေး သေတ္တာ ပေးအပ်ပွဲ အခမ်းအနားကို
ဇွန်လ(၁၀)ရက်က မကွေးမြို့တော်ခန်းမမှာ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား
လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက အမှာစကားပြောကြားရာတွင် အရေးပေါ်သုံး တိုင်းရင်းဆေး
သေတ္တာများ တတိယအကြိမ် ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင် တိုင်းရင်းဆေး သေတ္တာများကို
ကျေးရွာ(၆၅၀)သို့ ဖြန့်ဝေပေးခဲ့ကြောင်း၊ မြန်မာ့တိုင်းရင်းဆေး ဖြန့်ဝေပေးခြင်းဟာ ကျန်းမာရေးဆိုင်ရာ
ရင်းနှီးမြှပ်နှံမှု တစ်ခုဖြစ်ပြီး၊ ရင်းနှီးမြှပ်နှံမှုက တစ်ဆင့် ရှည်လျားခိုင်မာတဲ့
သမိုင်းစဉ်တလျောက် တည်တံ့ဖြစ်ထွန်းခဲ့တဲ့ မြန်မာ့တိုင်းရင်းပညာရဲ့ ထိရောက်ထက်မြက်တဲ့
ကုထုံးနည်းစနစ်များကို ပြည်သူများအထိ လက်ဆင့်ကမ်း အသုံးချပြီး ပြည်သူတစ်ရပ်လုံးက မိမိတို့
ကျန်းမာရေး မိမိကိုယ်တိုင် လက်တွေ့စောင့်ရှောက်သွား နိုင်မှာဖြစ်ကြောင်း၊ ကျေးလက် ပြည်သူများကလည်း
မြန်မာ့တိုင်းရင်းဆေးကို ယုံကြည်အားကို နေကြပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍
တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း၊ စာရင်းစစ်ချုပ် ဦးလှသန်းနှင့် တိုင်းရင်းဆေးပညာ
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းနိုင်ဦးတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်
အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ် တိုင်းရင်းဆေးမှူးများထံ အရေးပေါ်သုံး တိုင်းရင်းဆေး
သေတ္တာများ ပေးအပ်ခဲ့ကြကြောင်း သိရပါသည်။
No comments:
Post a Comment