Wednesday, June 11, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရုရှားဖက်ဒရေးရှင်း နိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမီယာ ဗွီ ပူတင် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့



၂၀၁၄ ခုနှစ် ဇွန်လ (၁၂)ရက်တွင် ကျရောက်သည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ အမျိုးသားနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမီယာ ဗွီ ပူတင် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။ အလားတူ ၂၀၁၄ ခုနှစ် ဇွန်လ (၁၂)ရက် ဒီကနေ့တွင် ကျရောက်သည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ အမျိုးသားနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဒီမီထရီ အေ မက်ဒ်ဗီဒက်ဗ် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

No comments:

Post a Comment