Wednesday, June 11, 2014

လပွတ္တာမြို့နယ်၌ စီမံကိန်းလုပ်ငန်းများ လွှဲပြောင်းပေးအပ်

လပွတ္တာခရိုင် လပွတ္တာမြို့နယ် အာဒရာမြန်မာ၏ အသက်မွေးဝမ်းကြောင်း မြှင့်တင်ရေးနှင့် သာယာဝပြောရေး စီမံကိန်းပြီးဆုံခြင်းနှင့် ကျေးရွာအခြေပြု အဖွဲ့အစည်းများ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရေရှည်ဆောင်ရွက်ရန် သက်ဆိုင်ရာ ဌာနများအား လွဲအပ်ခြင်း အခမ်းအနားကို ဇွန်လ (၁၀)ရက်က လပွတ္တာမြို့နယ် ရွေးနဒီခန်းမတွင် ကျင်းပခဲ့ရာ လပွတ္တာမြို့နယ် ဒု-ဦးစီးမှူး ဦးစိုးမြတ်သူနှင့် ပြင်စလူ အုပ်ချုပ်ရေးမှူး တို့က အဖွင့်အမှာစကား ပြောကြားပြီး အသက်မွေးဝမ်းကြောင်း မြှင့်တင်ရေးနှင့် သာယာဝပြောရေး စီမံကိန်းအကြောင်း၊ အလှူရှင် အဖွဲ့ (LIFT) ၏ စီမံကိန်းအကြောင်း၊ စီမံကိန်းမှ ပံ့ပိုးထားသော ငွေကြေးသုံးစွဲမှု၊  ပံ့ပိုးထားသော ပစ္စည်းဆိုင်ရာ မှတ်တမ်းများ ဈေးကွက်မြှင့်တင်ရေးနှင့် ရေထွက်ကုန်ပစ္စည်းများအား တန်ဖိုး မြှင့်ထုတ်လုပ်မှု အတွက် ငွေကြေးသုံးစွဲမှုနှင့်၊ ပစ္စည်းများ ပံ့ပိုးထားရှိမှုများ လည်းကောင်း၊ သစ်တောကဏ္ဍာဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ ဒီရေတောနှင့် သဟဇာတ ဖြစ်သော မွေးမြူေ၇းလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးနှင့် ရေထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်လုပ်မှု အဖွဲ့နဲ့ သစ်တော အသုံးပြုသူများ အဖွဲ့တို့နှင့် စပ်လျဉ်းပြီး တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ပါသည်။ လပွတ္တာမြို့နယ် ပြင်စလူမြို့နယ်ခွဲရှိ လွှဇာ၊ ကုန်းကြီးနှင့် ရေတွင်းဆိပ် ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၃၃)ရွာတွင် အာဒရာမြန်မာ ဖွံ့ဖြိုးရေးနှင့် ကယ်ဆယ်ရေး အဖွဲ့ အလှူရှင် အသက်မွေးဝမ်းကြောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေ အဖွဲ့ (LIFT) ၏ ငွေကြေးထောက်ပံ့မှုဖြင့် ဒီရေတောနှင့် သဟဇာတ ဖြစ်သော ငါး၊ပုဇွန်၊ ကဏန်း ကန်များ  တည်ဆောက် မွေးမြူခြင်း၊ ဒီရေတောပင်နှင့် ရေချိုပင် စိုက်ပျိုးရေး လုပ်ငန်း လုပ်ဆောင်ခြင်း၊ ဒီရေတောများ ထိန်းသိမ်းခြင်း လုပ်ငန်း၊  လုပ်အား နှင့် ငွေကြေး လဲလှယ်ခြင်း လုပ်ငန်း၊ အသက်မွေးဝမ်းကြောင်း၊ နှင့် ဆက်စပ်စွမ်းရည်မြှင့် သင်တန်းများ ပေးခြင်း၊ ကုန်ပစ္စည်း သိုလှောင်ရုံ ဆောက်လုပ်ပေးခြင်း လုပ်ငန်းနှင့် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ ရောင်းဝယ်မှုဆိုင်ရာ လုပ်ငန်းများ တည်ထောင်ပေးခြင်း စသည့် လုပ်ငန်းများကို ဇွန် (၁၆)ရက်၊ (၂၀၁၁)  ခုနှစ်မှ ယခုနှစ် ဇွန်လ (၁၅)ရက် ၊ ၂၀၁၄ ခုနှစ်ထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါသည်။ အသက်မွေးဝမ်းကြောင်း မြှင့်တင်ရေးနှင့် သာယာဝပြောရေး စီမံကိန်း Scale Up Project လုပ်ငန်းများ သက်ဆိုင်ရာဌာနနှင့် ကျေးရွာပြည်သူလူထု လက်သို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။


No comments:

Post a Comment